post-featured-image

Botox injection ထိုးခြင်းဖြင့် ကုသနိုင်သည့်ခန္ဓ္ဓာကိုယ်ရှိနေရာများ

ood bye wrinkles, Botox masle relaxing, Injection for man and woman

Botox @ Non Surgical treatment for lines and wrinkles for.

Botox သည် သန့်စင်သော ပရိုတင်းအသုံးပြုပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

လွန်ခဲ့သော ၁၅ နှစ်ခန့်မှစတင်ကာ အမျိုးမျိုးသော ဆေးဘက်ဆိုင်ရာ အခြေအနေများ

တွင် စတင်အသုံးပြုခဲ့ကြပါသည်။ ၂၀ဝ၂ ခုနှစ်တွင် FDA မှ အလှအပဆိုင်ရာ ကုသမှုအတွက်ထောက်ခံချက်ပေးခဲ့ပါသည်။

သင်၏ မျက်ခုံးထောင့်စွန်း၊ နဖူးတို့တွင် အရေးကြောင်းများ ဖြစ်ပေါ်ခြင်းသည် ကြွက်သားမျာ အချိန်ကြာမြင့်စွာလှုပ်ရှားခြင်းကြောင့်ဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ ကြွက်သားများ၏ ရုန်းပြန်နိုင်မှုလျော့နည်းလာတတ်သည်။

မျက်မှောင်ခဏခဏ ကျုံ့ခြင်းသည်လည်း မျက်လုံးထောင့်စွန်းများအတွက် အရေးကြောင်းများဖြစ်စေသည်။

Botox သည် အခြား Wrinkles Fillers များနှင့်မတူဘဲ ကွဲပြားစွာအလုပ်လုပ်ပါသည်။

Botox သည် မျက်နှာပြင်ပေါ်ရှိ အရေးကြောင်းများဖြစ်စေသော ခန္ဓာကိုယ်ရှိ ဓာတုပစ္စည်းများကို တားဆီးပေးပါသည်။ ထိုကဲ့သို့ မျက်နှာပြင်ပေါ်ရှိ ရှုံ့စေသော ကြွက်သားများကို တားဆီးပေးခြင်းဖြင့် သင့်မျက်နှာပေါ်ရှိ အရေးကြောင်းများကို တားဆီးပေးပါသည်။

၁။ ပါးနှစ်ဖက်သေးအောင် လုပ်ဆောင်နိုင်ခြင်း

၂။ နဖူးပေါ်မှ အရေးအကြောင်းများ ဖယ်ရှားနိုင်ခြင်း

၃။ မျက်စိအောက်နားမှ အရေးကြောင်းများ ဖယ်ရှားနိုင်ခြင်း

၄။ မျက်ခုံးမညီညာခြင်းများကို ပျောက်ကင်းစေနိုင်ခြင်း

၅။ မျက်ခုံးနှစ်ဖက်ကြားတွန့်ခြင်း

၆။ စတုဂံပုံမျက်နှာပုံစံများကို လှပစေရန် ပြုလုပ်နိုင်ခြင်း

၇။ ပေါင်၊ ခြေသလုံးကိုသေး botox ထိုးနိုင်ခြင်း

၈။ ချိုင်းကြားအနံ့ပျောက်ကင်းစေရန် botox ထိုးခြင်း

၉။ Smile Line (ပါးစပ်မှ ပြုံးရုံလေး) လုပ်ပေးခြင်း

၁၀။ ပခုံးကြီးချင်းကို သေးအောင် botox ထိုးခြင်း

၁၁။ လည်ပင်းမှ အရေးကြောငး်များကိုလည်း သိသိသာသာလျော့နည်းစေပါသည်။

Botox ထိုးသည့် အခါဆောင်ရွက်မှုများနှင့် ကြာချိန်ဖြစ်ပါတယ် ………..

ပြုလုပ်မည့်ကြာချိန်မှာ (၁)နာရီဖြစ်ပါသည်။

ဆရာဝန်၏ ညွှန်ကြားဆုံးဖြတ်ချက်ဖြင့် လိုအပ်သောနေရာများကိုတွက်ချက်ပေးပါမည်။

customer နှင့် botox မထိုးမီ နားလည်သဘောပေါက် သေချာစွာရှင်းပြ ဆွေးနွေးပါမည်။

ဆေးထိုးလျှင် ဆေးထိုးအပ်ဖြင့်သာထိုးပေးပြီး Customer များအတွက် ပုရွက်ဆိတ်ကိုက်ခံရသလောက်သာ ခံစားရမှာဖြစ်ပြီး ဆရာဝန်မှ လိုအပ်သလို ဆေးထိုးပေးမှာ

ဖြစ်ပါတယ်။


Botox ထိုးပြီး လိုက်နာရမည်မှာ ……..

၁။    ဆရာဝန်၏ ညွှန်ကြားချက်အရ ပြန်လည်ပြသရန်

၂။    ဆေးထိုးပြီး (၄) နာရီအတွင်းလဲလျောင်းပြီး အိပ်မပျော်စေရန် ဂရုစိုက်ရန်

        massage ပြုလုပ်ပြီး exercise ပြင်းပြင်းထန်ထန်လုပ်ခြင်းများ ရှောင်ရန်

၃။    ဆေးထိုးပြီး မျက်နှာကိုအကြောပြေပြီးဆေးအထဲသို့ ဝင်သွားစေရန် လေ့ကျင့်ရန်

၄။    ဆေးထိုးပြီး (၃) ရက်နောက်ပိုင်းမှ အာနိသင်စပြီးပြမည်ဖြစ်ပါသည်။ မျက်စိပိုင်းတွင်

        (၇)ရက်မှ (၁၀)ရက်အတွင်း ပိုသိသာလာပါမည်။ ပါးပြင်ကတော့ (၃)ပတ် (၄)ပတ်အတွင်း ပိုသိသာလာပါမည်။

၅။    ဆေးထိုးပြီး (၃)ရက် (၇)ရက်အတွင်း အောင့်သလိုဖြစ်ပြီး ယောင်ယမ်းနေသကဲ့သို့ခံစားလာရတတ်ပါတယ်။ နောက်ပိုင်းတွင် ပုံမှန်ပြန်ဖြစ်သွားပါတယ်။

၆။    Botox မျက်လုံးထဲ့သို့ ထိုးသော customer များ (၁)ပတ်ကြာလျှင် ဆေးခန်းသို့ တစ် ခေါက်ပြန်လာပြရပါမည်။

၇။    ပါးနှစ်ဖက်ပိန်အောင်ထိုးသော customerများ (၁)လကြာမှ လာရောက်ရန်လိုပါသည်

၈။    Botox ပါးနှစ်ဖက်သေးအောင်ထိုးထားသော customer များမှာ ပီကေဝါးခြင်း၊ ကွမ်းဝါးခြင်း၊ မာသောအသားများဝါးခြင်းမှ ရှောင်ကြဉ်ရပါမည်။

၉။    ခြေသလုံးထိုးထားသော customerများ ဒေါက်ဖိနပ်စီးခြင်း၊ ကြာရှည်စွာရပ်ခြင်း၊ခြေထောက်လေ့ကျင့်ခန်းများ ပြင်းပြင်းထန်ထန်ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရပါမည်။

POST COMMENT

Your email address will not be published. Required fields are marked *